အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်


2015.08.20
nld-candidates-620 နေပြည်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁ဝ ဦး သြဂုတ်လ ၅ ရက်နေ့ က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အမည်စာရင်း လာရောက်တင်သွင်းစဉ်
Photo: RFA

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန်ရာ NlD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၅၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအများဆုံးပါတီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၀ရက်နေ့ကစပြီး သြဂုတ်လ ၁၄ ရက်နေ့ အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်ကြတာဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၃၂၅ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၆၇ ယောက်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်မှာ ၆၅၉ ယောက် ပါဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ၁၁၃၄ ယောက် နဲ့ ဒုတိယအများဆုံးဖြစ်ပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၇၆၃ ယောက်၊ အမျိုးသားတိုးတက်ရေး ပါတီက ၃၅၄ ယောက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂၃ ယောက် နဲ့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက် ဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေက စိစစ်နေပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို လာမယ့် သြဂုတ်လ ၂၇ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။