ညွန့်ပေါင်းအစိုးရဖွဲ့ရန် NLD သဘောထား ချမှတ်ထားခြင်းမရှိ


2013.05.08
assk-parliament-0711-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက် လာသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
Photo: NLD facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီက အမတ်နေရာ အများစုနိုင်ခြေရှိပြီး ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမယ့် သဘောရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားမှာ ပြောကြားခဲ့တာဟာ အဲဒီပုဂ္ဂိုလ်ရဲ့ သဘောထားအမြင်မျှသာဖြစ်ပါတယ်လို့  NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြော ပါတယ်။

"အဓိကက CEC ရဲ့ တရားဝင်သဘောထား ထုတ်ပြန်ချက်မဟုတ်ပါဘူး၊ ဒီပုဂ္ဂိုလ်က သူ့ရဲ့တစ်ဦး တစ်ယောက်အမြင်ကို ပြောသွားတာပါ၊ ကျွန်မက CEC ဥက္ကဌအနေနဲ့ ဒါကိုဆွေးနွေးဖို့ စောပါသေးတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဥက္ကံမြို့မှာဖြစ်ပါွးခဲ့တဲ့ ဆူပူမှုတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ပြသနာတွေဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဒါတွေဟာ ကောင်းတော့မကောင်းဘူး၊ ကျွန်မတို့နိုင်ငံမှာ အားလုံးကို အေးအေးချမ်းချမ်းနဲ့ သင့်သင့်မြတ်မြတ် ဖြစ်စေချင်တာပေါ့၊ ကျွန်မကတော့ ဥပဒေစိုးမိုးရေးဘက်က ပြောတာပဲ၊ ဥပဒေစိုးမိုးရေးရှိမှသာရင် ပြည်သူတွေရဲ့စိတ်ထဲမှာ လုံခြုံမှုရှိမှသာလျှင် ဒီလိုတစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတဲ့ကိစ္စတွေကို ဖြေရှင်းနိုင်မှာပါ"

တဆက်တည်းမှာပဲ စိတ်နေစိတ်ထားတွေပြုပြင်ဖို့အတွက် အားလုံးမှာတာဝန်ရှိပြီး တရားဥပဒေစိုးမိုးရေးကတော့ အစိုးရရဲ့တာဝန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။