နိုင်ငံတကာ အလှူရှင်တွေ လှူဒါန်းထား တဲ့ စာအုပ်စာတမ်း၊ စာရေးကိရိယာ တွေကို မရှိနွမ်းပါးတဲ့ စာသင်ကျောင်း တွေကို NLD ပါတီက လှူဒါန်းနေရာမှာ ဒီကနေ့ ဒလမြို့နယ်က ကျောင်းတွေကို သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် သာသနာရေးကိစ္စများ ဆောင်ရွက်တော်မူရုံ သာမက ပရဟိတ စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလေ့ ရှိပါသည်။ (Photo: AFP)
ဒလမြို့နယ်မှာ ပညာ လူငယ်ကွန်ရက်က ဖွင့်လှစ်ထားတဲ့ ကျောင်းကို သွားရောက်လှူဒါန်းတာ ဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
“ပြည်ပ စေတနာရှင်များ ပေးပို့လှူဒါန်းထားတဲ့ ဗလာစာအုပ် ဒါဇင် ၄ ထောင်ကျော်၊ ကွန်ပါဘူးကလည်း ၄ ထောင်လောက်၊ နောက်ဘောပင် ပေါ့။ အဲဒါတွေကို ထောက်ပံ့ဖို့ ကျနော်တို့ကို ချိတ်ဆက်ပြီး မေတ္တာရပ်ခံထားတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ဆင်းရဲချို့တဲ့တဲ့ ‘ဘက’ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းလွန် အလယ်တန်းလွန် ကျောင်းတွေကို ထောက်ပံ့နေပါတယ်”
လှူဒါန်းပွဲ အခမ်းအနားကို NLD ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဦးနိုင်းနိုင်း၊ ဦးဟံသာမြင့် ဒေါက်တာမေဝင်းမြင့်တို့ အပါအဝင် ဒလမြို့နယ် NLD တာဝန်ရှိသူတွေနဲ့ ကျောင်းဖြစ်မြောက်ရေး တာဝန်ခံတွေဖြစ်တဲ့ ပညာလူငယ်ကွန်ရက် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အာဏာပိုင်တွေက နှောက်ယှက်ဟန့်တားတာမျိုး မတွေ့ရဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး
ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်
လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ
NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ
NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို
ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းခွေ နာမည်ကျော် လူငယ်အဆိုတော်တွေ သီဆိုပါဝင်
မှတ်ချက်များ
Click here to add your own comment