NLD ပညာရေးကွန်ရက်က ကျောင်း ၄၈ ကျောင်းအတွက် ၁၄၃ သိန်းလှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကနေ တက္ကသိုလ် ဝင်တန်းသင် ပညာဒါနကျောင်း ၄၈ ကျောင်းအတွက် အလှူငွေ ကျန် ၁၄၃ သိန်းကို လှူဒါန်းလိုက်ပါတယ်။

အဲဒီအလှူငွေပေးအပ်ပွဲ အခမ်းအနားနဲ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တာပါ။

အနာဂါတ်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ နိုင်ငံတော်ကို ထူထောင်မယ့် ပညာရပ်တွေကို အဓိကထားသင်ကြားရမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦးက အခမ်းအနားမှာ တိုက်တွန်းပြောခဲ့ပါတယ်။

ဒီကနေ့အလှူငွေတွေကို NLD အဖွဲ့ချုပ်က ဖွင့်ထားတဲ့ အခမဲ့ပညာရေကျောင်း ၄၈ ကျောင်း ရန်ပုံငွေအဖြစ် လှူဒါန်းတာဖြစ်သလို၊ ငွေကြေးမတတ်နိုင်တဲ့ တက္ကလိုလ်ဝင်ကျောင်းသား ၇ ဦးကိုလည်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။

ဒီကနေ့ပေးအပ်တဲ့ အလှူငွေတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ၂ နှစ်ပြည့် ရန်ပုံငွေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ယက်ဆွယ်တာ လေလံတင်ရောင်းရငွေထဲက ကျပ်သိန်း ၁၄၃ သိန်းကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အလှူရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။