ဥပဒေ စိုးမိုးရေးအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ

2012-02-16

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ၀င်ပြိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

RFA

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှည်းကူးမြို့နယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။

တရားဥပဒေ စိုးမိုးမှသာ ဥပဒေရဲ့ အကာအကွယ်ကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုအရသာကို ပြည်သူတွေ အမှန်တကယ် ခံစားနိုင်မှာဖြစ်တယ်လို့ အန်အယ်လ်ဒီအနေနဲ့ လက်ခံယုံကြည်ကြောင်း ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုံးကြိုင်က ပြောပါတယ်။

ဒါအပြင် ပြည်တွင်းစစ် အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းအောင်လုပ်နိုင်မှသာ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မယ်လို့ အန်အယ်လ်ဒီက ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ညှိနှိုင်းအဖြေရှာပြီး ပြင်ဆင်နိုင်ဖို့ အန်အယ်လ်ဒီ အနေနဲ့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဦးအုံးကြိုင်ကပြောပါတယ်။

လွှတ်တော်ပြင်ပသာမက လွှတ်တော်တွင်း ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်သွားနိုင်ဖို့ အန်အယ်လ်ဒီအနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး အခု ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရတာဖြစ်တယ်လို့ ဒီကနေ့ရရှိတဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ