၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ ရေးသားချက်နေရာမှာ လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းပြောင်းလဲဖို့ လိုနေကြောင်း NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
မနေ့က ပျဉ်းမနားနေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် မိမိအနေနဲ့ ကျေနပ်မိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲ အကြောင်းအရာ အသေးစိတ်နဲ့ ပတ်သက်လို့ ပြောဆိုဖို့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ နေရာမှာ အနိုင်ရခဲ့တဲ့ NLD ကိုယ်စားလှယ် ၃၇ ဦးကို လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွက် ဖိတ်ခေါ်ထားပါတယ်။
