ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရင် NDF ပူးပေါင်းဆောင်ရွက်လို

2011-11-06

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီသစ် တရပ်ကသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ အနေနဲ့ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း NDF ပါတီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပဲခူးတိုင်း ဒေသကြီး ပါတီ ရုံးခွဲ ဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

“ကျနော်တို့ ပါတီခေါင်းဆောင်ပိုင်းမှာ အကြမ်းဖျင်း ဆွေးနွေးထားတာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မယ် ဆိုရင် ကျနော်တို့တတွေ နောက်ကလိုက်ဖို့ ဝန်မလေးကြပါဘူး။ သူကသာ ဦးဆောင်မယ်ဆိုရင် Joint Action ပဲဖြစ်ဖြစ်၊ ကျယ်ပြန့်တဲ့ မဟာမိတ်အဖွဲ့ကြီးပဲ ဖြစ်ဖြစ် ကျနော်တို့က ပါတီတခုအနေနဲ့ ဒေါ်စုနောက်က လိုက်ဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတာ ကျနော်တို့ အင်မတန် လိုလား မျှော်လင့်နေတဲ့ အချက်ကြီးပါပဲ။ တကယ်တမ်းကျတော့ အဆုံးအဖြတ် ပေးမယ့် ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

NLD ပါတီ အနေနဲ့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက် ပြီး NDF ပါတီရဲ့ သဘောထားကို RFA က မေးမြန်းစဉ်မှာ ဦးခင်မောင်ဆွေက အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီအတွင်း သဘောထားကွဲလွဲရာက ရွေးကောက်ပွဲ ဝင်လိုတဲ့ NLD ပါတီခေါင်းဆောင် တချို့က NDF ပါတီကို ၂ဝ၁ဝ ခုနှစ်အတွင်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။

NLD က ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ခြေရှိတယ် ဆိုတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေရဲ့ သဘောထား အမြင်တွေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ