ဒီဇင်ဘာ ၁၉ ရက် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်သစ် ရွေးမယ်

၁၉ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးကနေ ပါတီအကြီးအကဲတွေကို ရွေးချယ်မယ်လို့ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။

"၁၉ ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေးခေါ်ထားပါတယ်။ ဒီအစည်းအဝေးမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေကို ရွေးမှာဖြစ်ပါတယ်။ "

ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ပါတီဖွဲ့စည်းပုံနဲ့ ပါတီမူဝါဒ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

အင်န်အယ်လ်ဒီပါတီကို အခုလ ၁၂ ရက် တနင်္လာနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခဲ့ပါတယ်။