NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဝင်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

2012.04.25
parliament-session-b305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော်မှာ လွှတ်တော်တက်ရောက်နေကြသော လွှတ်တော်ကိုယ်စားလှယ်များ ကို တွေ့ရစဉ်
Photo: RFA

လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။

" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"

NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်ရောက်ဖို့ မတင်မကျ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ဦးဇော်သက်ထွေးနဲ့ အမျိုးသမီး သတင်းထောက်တစ်ဦးတို့ရဲ့ သဘောထား အမြင်တွေကိုလည်း RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-25 19:24

ွှအတိုက်အခံပါတီတစ်ခုအနေ နက်လွှတ်တော်ထဲကို ဝင်ရောက်ပြီးအခြေခဥပဒေ၏လိုအပ်ချက်တွေကိုပြင်ဆင် နိုင်ဖို့ဆိုရင်ယခုဖြစ်နေတင်းမာမှုတွေကိုအောင်မြင်ကျော်ဖြတ်ဖိုလိုအပ်ပါတယ်လိုထင်ပါတယ်။။ဒါမှပဲအတိုက်အခံပါတီတစ်ခုစစ်စစ်ဖြစ်လာပါလိမ့်မယ်။

Anonymous
2012-04-25 20:57

သပိတ်မှောက်တာလုပ်ထုံးလုပ်နည်းနဲ့ညီညွတ်ရင်ဒီမိုကရေစီကျင့်စဉ်အရဆိုရဆိုရ်ငကြိုဆိုပါတယ်။