လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီ NLD ဖွဲ့စည်း

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် လွှတ်တော်အသီးသီးအတွက် လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့စွဲနဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အဲဒီကော်မတီထဲမှာ ဦးဝင်းမြင့်က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဦးမင်းဦး၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးအောင်စိုးတို့ ပါဝင်ပါတယ်။

ကော်မတီအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကျင်းပဖို့ အစီအစဉ် ရေးဆွဲခြင်း၊ လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့ ဧည့်သည်တော်တွေကို ဖိတ်ကြားခြင်း၊ လွှတ်တော်အစည်းအဝေးတွေကို လေ့လာခွင့်ပြုတာတွေကို စိစစ်ခွင့်ပြုခြင်း၊ လွှတ်တော်သတင်းတွေကို ရယူမည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေကို စိစစ်ခွင့်ပြုခြင်း၊ တစ်ခြားလွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ခြင်း တာဝန်တွေကို ထမ်းဆောင်ကြရမှာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။