NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေအတွက် " ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်း မြှင့်တင်ရေး" ခေါင်းစဉ်နဲ့ ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း ၆-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခန်းမမှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။
2012-06-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
nld-u-ohn-kyein-b305
၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီခန်းမတွင် ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း အလုပ်ရုံဆွေးနွေးပွဲ၌ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် စကားပြောကြားနေစဉ်။
NLD facebook

ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်က လူမှုရေးသိပ္ပံဌာန ပါမောက္ခ “ဗူသီ - ဆက်သီယိုနို” က ဒီမိုကရေစီရေးရာ ကျင့်စဉ်တွေကို ရှင်းလင်းပို့ချပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်းမြှင့်တင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်တော်တို့ ဆွေးနွေးပွဲလုပ်တာပါ။ ဒီမိုကရေစီနဲ့ ဒီမိုကရေစီကျင့်စဉ်များရဲ့ အယူအဆ၊ ဒီမိုကရေစီဝါဒ အခြေခံတဲ့ တန်ဖိုးများ၊ နိုးကြားတက်ကြွတဲ့ နိုင်ငံရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်လာဖို့ အဲတာတွေကို ကျွန်တော်တို့ ဝပ်ခ်ရှော့ ပုံသဏ္ဌာန်ပေါ့လေ၊ ဆွေးနွေးကြမှာ ဖြစ်ပါတယ်"

ဒီဆွေးနွေးပွဲနဲ့ သင်တန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ NLD က ကြီးမှူးကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၆ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်