အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းဖို့ NLD မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်မှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2012-06-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
nld-ohn-kyaing-press-b305
NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်က သတင်းထောက်တွေကို ရှင်းလင်းပြောပြနေစဉ်။
RFA

NLD  နဲ့ မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်တွေ ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ လုပ်တဲ့ အစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ လှုံ့ဆော်သူအားလုံးကို အဲဒီလို မေတ္တာရပ်ခံလိုက်တာပါ။

အကြမ်းဖက်မှုတွေကို မြန်မြန်ဆန်ဆန်ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ကြေညာချက်ကို ဖတ်ပြပါတယ်။

"သက်ဆိုင်ရာများအနေဖြင့် အကြမ်းဖက်မှုများကို မျှတစွာဖြင့် ထိရောက်လျင်မြန်သည့်နည်းဖြင့် ဆောင်ရွက်ပြုလုပ်ပေးပါရန်နှင့် ပြည်သူများ၏ အသက် အိုးအိမ် ပစ္စည်းများကို တရားဥပဒေနှင့် အညီ ကာကွယ်ပေးပါရန် တိုက်တွန်းတောင်းဆိုပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်သူများနှင့် လှုံ့ဆော်သူများ အားလုံးကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လှုံ့ဆော်မှုများ ချက်ခြင်း ရပ်ဆိုင်းပေးပါရန် မေတ္တာ ရပ်ခံပါသည်။"

ဒီ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်ဖျက်ဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရ သေကြေ ရတာတွေအတွက် မိသားစုတွေနဲ့ အတူ ၀မ်းနည်းကြေကွဲရတဲ့ အကြောင်း ကြေညာချက် နိဒါန်းမှာ ဖော်ပြထားပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ရှေ့ဆောင်ရှေ့ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း တည်ငြိမ် အေးချမ်းရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပါတယ်လို့ ကြေညာချက် နိဂုံးမှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်တဲ့အတိုင်း ဗဟန်းရွှေဂုံတိုင်ရုံးချုပ်မှာ အစည်းအဝေး ကျင်းပတာဖြစ်ပြီး  NLD နာယက အဖွဲ့ဝင် ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်နဲ့ အရင်က CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက မွန်၊ ချင်း၊  ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Hi

Jun 10, 2012 07:38 PM

mr

နေရပ်- ma

အကြမ်းဖက်တာကို ချက်ချင်းရပ်ဖို့ မေတ္တာရပ်ခံလို့သာ ရပ်သွားမယ်ဆိုယင် ကျွန်တော်လဲ မေတ္တာရပ်ခံချင်တယ် ငရဲမင်းကြီးရယ် ငရဲသားတွေကို နှိပ်စက်တာကို အခုချက်ချင်းရပ်ပါလို တစ်ခုခုကို ချက်ချင်းထလုပ်ရမည့်အချိန်မှာ စကားပြောဖို့ အချိန်ယူနေတုန်းလား

Jun 10, 2012 07:33 AM