နေပြည်တော်မှာ NLD ဆိုင်းဘုတ် ဒုတိယအကြိမ်မြောက် ဖျက်ဆီးခံရ

နေပြည်တော်က ဇမ္ဗူသီရိနဲ့ ပုဗ္ဗာသီရိ မြို့နယ်တွေအတွက် ဆိပ်နမ်ဒုန်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ NLD ပါတီ ရုံးခန်းရှေ့ မြေစိုက်ဆိုင်းဘုတ်ကို အမည်မသိသူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့ အာရုံတက်အချိန်မှာ လာရောက် ဖျက်ဆီးသွားကြောင်း သိရပါတယ်။

နေပြည်တော်မှာ အခုလို NLD ဆိုင်းဘုတ် အဖျက်ဆီးခံရတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ်ကနေ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။

NLD ဆိုင်းဘုတ် ဖျက်ဆီးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိရသေးပေမယ့် လောလောဆယ် ပုဗ္ဗ္ဗာသီရိ ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို တိုင်ကြားထားကြောင်း ဒေါ်စန္ဒာမင်းက ပြောပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဇမ္ဗူသီရိ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။