ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ခြိမ်းခြောက်နေမှှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ HRW လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင်နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ပွဲတွေကို ကန့်သတ်ချုပ်ချယ်ခြင်းမပြုပဲ လွတ်လပ်စွာဆောင် ရွက်နိုင်အောင် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်အနေနဲ့ ဆောင်ရွက်ပါလို့လည်း နယူးယောက်အခြေစိုက် HRW အဖွဲ့ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မေလ ၁၈ ရက်နေ့က မန္တလေးမှာပြောကြားခဲ့တဲ့ စကားတချို့ကို ကော်မရှင်က သတိပေးခဲ့ တာနဲ့ စပ်လျဉ်းပြီး HRW ကအခုလိုကန့်ကွက်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ စစ်တပ်ဘက်ကလိုက်ပြီး မှတ်ချက်ချပြောဆိုမှှုတွေအမြောက်အများ ရှိကြောင်းလည်း HRW လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။
