မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ ပြုတ်ကျခဲ့ပုံ၊ လူထု ခေါင်းဆောင်တွေ ပေါ်ပေါက်လာပုံနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပေါ်လာပုံ အကြောင်းတွေကို ၈၈ အရေးအခင်းမှာ မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့ ကိုယ်စားပြု ပါဝင်လာခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဟောပြောခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရ အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပေမယ့် ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ် မပြုဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ ကြိုးစားခဲ့ပုံ၊ ၈၈ အရေးအခင်းက ပေါ်ပေါက်လာတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ထောင်ဒဏ် အပစ်ပေးခံရပုံတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီဟောပြောချက်တွေနဲ့ ပတ်သက်လို့ NLD ဒုဥက္ကဌ ဦးတင်ဦးကို RFA က မခင်ခင်အိက ဆက်သွယ် မေးမြန်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
0:00 / 0:00
