တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို NLD တရားစွဲ

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ ချိတ်ဆွဲရေးကို ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်မရှိဘဲ NLD ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်းဆောင်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
2012-08-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

တွံတေးမြို့နယ် NLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက -

"တွံတေးမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ညွန့်ကို ကျွန်တော်တရားတင် စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်တွေ လိုက်ရောက် တင်တာကို ဟန့်တားနှောင့်ယှက်တယ်။ တားဆီး ပိတ်ပင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က တရားတင်စွဲတာ"

ဒီအမှုကို မြို့နယ်တရားရုံးက အခုလ ၂၇ ရက်နေ့မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ တွံတေးဒေသခံ NLD ပါတီဝင်တွေဟာ ပါတီ စည်းရုံးရေးအတွက် ကျေးရွာတွေမှာ ဆိုင်းဘုတ်စိုက်ထူဖို့ကို ဒီလ ၃ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်ခဲ့တာကို ကော်မရှင်က ခွင့်မပြုဘူးလို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

bobo

နေရပ်- yangon

ကြံဖွတ်တွေ လုပ်နေတာ သိတယ် အဲကောင်တွေ စောက်ချိုးက မပြောင်းသေးဘူး

Aug 14, 2012 05:55 AM

အမည်မဖော်လိုသူ

စိတ်ရှည်သည်းခံကြပါ

Aug 14, 2012 05:54 AM

ဗဟိုညီလာခံကျင်းပရေးကော်မရှင်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

နေရပ်- ၉၇/ခ၊အနောက်ရွှေဂုံတိုင်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်

ကိုဇော်မင်းထွန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် အသိအမှတ်မပြုရသေးပါ။ ပါတီမှတ်ပုံတင်ပြီးကတည်းက အဖွဲ့ဝင်များ၏စာရင်းကို သေချာမစိစစ်ရသေးပါ။ ၂၀၁၂မတိုင်ခင် ပါတီဖွဲ့စည်းပုံကို ဖျက်သိမ်းထားပြီဖြစ်သည်။ ယခင်ကလည်း ကိုရဲထွဋ်ခေါင်နှင့်ပတ်သတ်၍ သတင်းအမှားများ ဖော်ပြခဲ့ဖူးပါသည်။ ဗဟိုကော်မရှင်အားဆက်သွယ်ရန်ဖုံးနံပါတ်များမှာ ၀၉ ၅၄၁၇၃၃၂၊ ၀၉ ၅၀၈၆၃၂၄ နှင့် ၀၉ ၄၃၁၁၅၉၄၅တို့အား ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။

Aug 14, 2012 05:18 AM

အမည်မဖော်လိုသူ

တရားမစွဲသင်.ပါ သူလည်းအထက်ကခိုင်းလို.လုပ်တာဖြစ်မှာပေါ.

Aug 14, 2012 02:59 AM

အမည်မဖော်လိုသူ

Ya I agree that(maung may ) bangkok

Aug 14, 2012 02:36 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.