ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးလွင်ရဲ့ သမက်ဖြစ်သူ ဦးထင်ကျော်က RFA ကို အတည်ပြု ပြောဆိုပါတယ်။ ဈာပနကို လာမယ့် ဒီဇင်ဘာလ ၈ ရက် ကြာသပတေးနေ့ နေ့လည် ၁ နာရီ ခွဲမှာ ကျင်းပဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။ ဦးလွင်ဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှာ ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သလို၊ နိုင်ငံတော် ကောင်စီဝင် တစ်ဦး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံ အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တည်ထောင်တဲ့ အခါ ဦးလွင်လည်း ပါဝင်ပြီး၊ ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၈၈) နှစ်ရှိပြီဖြစ်ပါတယ်။ ဆုံးပါးချိန်မှာ သမီးတစ်ဦး ကျန်ရစ်ပါတယ်။ ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုး ဦးလွင်ရဲ့ ဘဝကြောင်းတစေ့တစောင်းကို ကိုနေရိန်ကျော်က စုစည်းတင်ပြပါလိမ့်မယ်။
0:00 / 0:00