အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ အသက် ၉၁ နှစ်အရွယ် ဦးညွန့်ဝေဟာ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်မြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ဈာပနကို NLD ခေါင်းဆောင်တွေအားလုံး လိုက်ပို့ကြတယ်လို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးစိုးဝင်း က RFA ကိုပြောပါတယ်။
"ပြီးခဲ့တဲ့ စနေနေ့ကဆုံးတာဗျ၊ သူကတော့ဆီးချိုရှိတယ်လေ သူ့သမီးရဲ့အိမ်မှာ ချင်းတွင်းရိပ်သာ ၃၇ လမ်းကလေ ဒေါ်စန္ဒာညွန့်ဝေအိမ်မှာပါပဲ၊ညင်ညင်သာသာပါပဲ ပဲခူးတိုင်း ဥက္ကဌအနေနဲ့လုပ်ခဲ့တာ သူ့ရဲ့စီမံ အုပ်ချုပ်မှှုအောက်မှာပဲ ကျနော်တို့ စည်းစည်းလုံးလုံး၊ညီညီညွတ်ညွတ် လုပ်ခဲ့ကြတာ "
ဦးညွန့်ဝေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပဲခူးတိုင်းဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို၊ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါတယ်။
