တစ်နိုင်ငံလုံးမှာ ရှိတဲ့ အန်အယ်လ်ဒီ လူငယ်ထုရဲ့ သဘောထားကို သွားရောက် လှည့်လည် ကောက်ခံပြီး အခုလို ဘုံရပ်တည်ချက် သဘောထားကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ (၁) ကိုမျိုးညွန့်က
RFA ကို ဒီကနေ့ ပြောပါတယ်။
ကိုမျိုးညွန့် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့ဟာ မကြာသေးခင်ကပဲ မြန်မာနိုင်ငံ တ၀ှမ်းကို သွားရောက်ပြီး လူမှုရေး ကွန်ရက် အသီးသီး ချိတ်ဆက်ရေး လုပ်ငန်းတွေ စည်းရုံး လှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။