လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်

2011-01-04

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၁၁ နာရီမှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို။ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ချိတ်ဆက်ထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ စိတ်ပါဝင်စားသူ ဧည့်ပရိသတ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ ချုပ်ငြိမ်းစေဖို့ စစ်အစိုးရအပါအဝင် ဒီကနေ့ အင်အားစုတွေအားလုံး ညှိနှိုင်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးရဲ့ အရသာကို တိုင်းသူပြည်သားတွေ အပြည့် အဝ ခံစားနိုင်ရေး အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ အရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အထူး အစီအစဉ်တရပ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့သလို။ နိုင်ငံ စီးပွားရေး သုံးသပ်ချက် စာတမ်းတစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကြေညာချက် နှစ်စောင်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ RFA ရုံးကို ရောက်နေတဲ့ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်

NLD ဗဟိုကော်မရှင် ဖွဲ့စည်း