ကာကွယ်ရေး အထူးရံပုံငွေ ဥပဒေ အင်အယ်လ်ဒီ ဝေဖန် ပြစ်တင်

2011-03-04

စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ဘတ်ဂျက် ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် သုံးစွဲမယ့် အထူးရံပုံငွေ ဥပဒေမှာ အချိန်အခါ၊ အကန့် အသတ်မရှိ သုံးစွဲခွင့်နဲ့  အစစ်အဆေး အမေးအမြန်း မရှိ သုံးစွဲခွင့် ပြုထားတာတွေဟာ တိုင်းပြည်မှာ မလုပ်သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့  ကြေညာချက် တရပ် ထုတ်ပြန် ဖေါ်ပြလိုက်ပါတယ်။

(Photo: AFP)

တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)

ဒီဥပဒေကို ပြည်သူနဲ့  ပြည်သူ့ ကိုယ်စားလှယ်တွေကို ကြိုတင် အသိပေးပြီး ထုတ်ပြန်တာ မဟုတ်တဲ့ အတွက် ဥပဒေနဲ့ မညီညွတ်ဘူးလို့  ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက

"ဒီဘတ်ဂျက်ဆိုတာ ပြည်သူ့ ပိုက်ဆံဗျ။ နိုင်ငံ ပိုက်ဆံဆိုတာထက်ကို ပြည်သူ့ပိုက်ဆံ၊ ပြည်သူတွေကို အသိပေးပြီးမှ ဒါမှမဟုတ် ပြည်သူ့ ကိုယ်စားလှယ်တွေကို ဆွေးနွေးပြီးမှ ထုတ်သင့်တဲ့ဟာမျိုး။

အခုလို လုပ်တာဟာ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်ဘူးလို့  ကျနော်တို့ မြင်တယ်။ အထူး ရံပုံငွေကလည်း ကာကွယ်ရေး ဦးစီးချုပ်က အသုံးပြုရမဲ့ ရံပုံငွေ ဖြစ်နေတယ်။

နောက် အထူးရံပုံငွေ ဥပဒေကလည်း ငွေကြေး ပမာဏ အတိုင်းအဆ မရှိ သုံးလို့ရတဲ့ သဘော၊ နောက်တခုက အချိန် ကာလ အကန့်အသတ် မရှိဘူး၊ ဒီနှစ်ခုက တော်တော် ဆိုးဝါးပါတယ်။

နောက်တခုက ဒီဥပဒေမှာ သုံးစွဲတာကို စစ်ဆေး မေးမြန်းခွင့် မရှိဘူးလို့ ဆိုထားတော့ ဒါဟာ ပြည်သူ့ ဘဏ္ဍာကို ဒီလိုနည်းနဲ့ သုံးစွဲတာတော့ မမှန်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဘတ်ဂျက် အလို အရ ပြောရမယ် ဆိုရင်တော့ တပ် အသုံးစရိတ်ဟာ အလွန်အမင်းကို များပြားနေတယ်။"

စစ်အစိုးရဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် တိုင်းပြည်မှာ ငွေကြေး ဘယ်လို သုံးစွဲမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ က နိုင်ငံတော် ပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့တာပါ။

ဒီဥပဒေအပေါ် NLD က ဆန်းစစ် လေ့လာပြီး ပြည်သူကို အသိပေးဖို့  တာဝန်ရှိတဲ့ အတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

အဲဒီဘတ်ဂျက် ဥပဒေအရ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်က အတော် နည်းပါးတဲ့အတွက် တိုင်းပြည် ဖွံ့ ဖြိုး တိုးတက်ရေးကို အဟန့် အတား ဖြစ်စေတယ်လို့ လဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  NLD ဒုဥက္ကဌ ဦးတင်ဦးနဲ့  ဆက်သွယ်မေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။


ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ

NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို

ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းခွေ နာမည်ကျော် လူငယ်အဆိုတော်တွေ သီဆိုပါဝင်

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မော်လမြိုင်မြို့ကို ရောက်ရှိ