HIV/AIDS ဝေဒနာရှင်တွေဟာ ကိုယ်တိုင်မကျန်းမာပေမဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ယူနိုင်တဲ့သူတွေ၊ ကျန်းမာသူတွေ တောင်မလုပ်နိုင်တာတွေကို လုပ်ပြတဲ့ သူတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးလိုက်ပါတယ်။
ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
NLD ပါတီရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်လာတဲ့ ရောဂါဝေဒနာရှင်တွေကို တွေ့ဆုံပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
NLD ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ NLD ပါတီဝင်တွေ၊ NGO အဖွဲ့အစည်းတွေ အပြင် AIDS ဝေဒနာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က AIDS ဝေဒနာရှင်တွေကို တချို့က အပြစ် ကျုး လွန်ထားသူတွေလို မြင်ကြသလို နိုင်ငံရေးသမားတွေကိုလည်း အလားတူမြင်ကြောင်း။ ဒီအယူအဆ နှစ်ခုလုံး မှားယွင်းတာဖြစ်လို့ အပြစ်တင်မဲ့ အစား ဝိုင်းရံ အားပေးမယ်ဆိုရင် အားလုံးအတွက် ကောင်းမွန်တဲ့ ခေတ်ကြီးတခု ရောက်လာမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
အခမ်းအနားမှာ ကဗျာဆရာနဲ့ ဂီတပညာရှင်တွေကလည်း လူနာတွေကို ဖြေဖျော်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းကလည်း AIDS ဝေဒနာရှင်တွေ အတွက် Blowing in the Wind သီချင်းကို သီဆို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားဟာ မွန်းလွဲ၂နာရီမှာ ပြီးဆုံးသွားပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနား ပြုလုပ်ပုံနဲ့ ပတ်သက်ပြီး ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ မစ္စစ် ကလင်တန် ပြောဆို
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ
ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်
ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်
မှတ်ချက်များ
Click here to add your own comment