ကမ္ဘာလှည့်ခရီးသွားကိစ္စ NLD သဘောထား ပျော့ပျောင်းလာ

2010-11-05

ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး အားပေးရာ ရောက်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာပြည် မလာကြဖို့ ဆော်သြခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအခါ ဒီကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ် ပြင်ဆင်မှုတွေ ရှိတယ်လို့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က RFA ကို ပြောပါတယ်။

(Photo: AFP)

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီပေါ်တွင် နိုင်ငံခြား ခရီးလှည့်လည်သူများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

“ကျွန်တော်တို့က ဒီ tourism နဲ့ ပတ်သက်လို့က ကျွန်တော် ပြောချင်တာက ဘာလဲဆိုတော့ tourism ကို စစ်အစိုးရကနေပြီးတော့ ဒါ Visit Myanmar campaign လို ဟာမျိုး လုပ်တဲ့ industry ကို လုပ်တဲ့ ဟာကြီးမျိုးကို ကျွန်တော်တို့က ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်၊ ဒါ စစ်အစိုးရရဲ့ ခါးပိုက်ထဲကို အဲဒီ ပိုက်ဆံတွေ ရောက်မဲ့ ကိစ္စမျိုးကို ကန့်ကွက်တယ်။ သို့သော်၊ သူတို့က လူတဦးချင်းအနေနဲ့ tourism တွေ မလာစေချင်တဲ့ ဟာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က ထင်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ကို တဦးချင်း တဖွဲ့ချင်းတွေ၊ လူတွေ လာမှသာလျှင် ဗမာပြည်အကြောင်းကို သိတဲ့လူတွေ သိသွားမယ်၊ ဗမာပြည်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်မှု ခံရတာတွေ၊ လူတွေရဲ့ ဆင်းရဲမွဲတေ ကျပ်တည်းနေတာတွေကို မြင်သွားမယ်၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ ဘယ်လောက်များတယ် ဆိုတာကို သိသွားမယ်လို့ ကျွန်တော်တို့က အဲလို သဘောရတယ်။”

London Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်ဖို့ ကြိုဆိုကြောင်း ဦးဝင်တင်က ပြောဆိုပါတယ်။

ဒါပေမဲ့ သူဆိုလိုတာက စစ်အစိုးရရဲ့ ခရီးသွားလုပ်ငန်းစဉ်ကို မြှင့်တင်တာမျိုး မဟုတ်ပဲ မြန်မာ ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ ဒုက္ခတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရဖို့ ကမ္ဘာလှည့် ခရီးသည် တဦးချင်းတယောက်ချင်း လာတာကိုတော့ လက်ခံသင့်တဲ့ သဘောထား ဖြစ်တယ်လို့ ဦးဝင်တင်က ဆိုပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

NLD ဗဟိုကော်မရှင် ဖွဲ့စည်း

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်

တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း

သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ