ပိတ်ဆို့မှု ဆက်လက်ထားရှိရေး ကြေညာချက် NLD ထုတ်ပြန်မည်

2011-02-07

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လည် ၁ နာရီလောက်မှာ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင်များ၊ အစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပါတီက ထုတ်ပြန်မဲ့ သဘောထား ကြေညာချက်ကို အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်များ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက် ထားရှိရေးဆိုတဲ့ NLD ရဲ့ သဘောထား ကြေညာချက်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ဖေဖော်ဝါရီ ၈ ရက် မနက်ဖြန်မှာ အပြည့်အစုံ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီကြေညာချက်ကို မူလက ဒီကနေ့ ထုတ်ပြန်ဖို့ အစီအစဉ်ရှိပေမဲ့ အပြီးသတ် ညှိနှိုင်းတာတွေကို ဒီကနေ့ ထပ်မံ ပြုလုပ်နေတာကြောင့် မနက်ဖြန်ကျမှ ထုတ်ပြန်ဖို့ ရက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မြန်မာ့အရေး စိတ်ဝင်စားတဲ့၊ တောင်ကိုရီးယား ကျောင်းသားအဖွဲ့တဖွဲ့ဟာ ဒီကနေ့ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေး အကြောင်းတွေကို လေ့လာ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါတယ်။

အဲဒီ တောင်ကိုရီးယား ကျောင်းသားအဖွဲ့မှာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆ ယောက် ပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မနက် ၁၀ နာရီလောက်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

NLD ဗဟိုကော်မရှင် ဖွဲ့စည်း

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်

တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း

သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ