နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး NLD အရှိန်မြှင့်မည်

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲက ၅၀ နီးပါးပဲ လွတ်မြောက်လာခဲ့တဲ့အတွက် အင်အယ်လ်ဒီ ပါတီအနေနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု တွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်က ပြောပါတယ်။

0:00 / 0:00

သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တဦးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရမှာ အစီအစဉ် ရှိသေးကြောင်း ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့လည်း ဦးဝင်းတင်က ဝေဖန်ပါတယ်၊ ဒါ့ပြင် နိုင်ငံရေး အကျဉ်းသားတွေဟာ အစိုးရ စိုးရိမ်နေသလို မတည်မငြိမ် ဖြစ်အောင် ဆူပူ နှောင့်ယှက်မဲ့သူတွေ မဟုတ်ပဲ၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ပါဝင် ဆောင်ရွက်မဲ့သူတွေ ဖြစ်တယ်ဆိုတာ အစိုးရ အနေနဲ့ နားလည်သဘောပေါက်ပြီး သူတို့အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က အလေးထား ပြောဆိုပါတယ်။

ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်