ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ပြောဆိုချက်ကို ကချင်ပြည်နယ်၊အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတစ်ခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါဝင်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။
အခုလ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို၊ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်ဒွဲဘူကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
