ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်အောင် ဆတက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ကြောင်း၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို နိုင်ငံအနှံ့မှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေက ပြောကြပါတယ်။
သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အလုပ်သမားဥပေဒတွေ ပြဋ္ဌာန်းခဲ့တာ၊ မီဒီယာ အကန့်အသတ်တွေ လျော့ချပေးခဲ့တာ စတဲ့ ပြောင်းလဲမှုတွေကိုလည်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေက ချီးကျူးထားပါတယ်။
အဲဒီ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders ကို တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။