အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ

အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမိုကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ဒီနေ့ ကျင်းပပါတယ်။

အထက်ပုစွန်တောင်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအဖွဲ့မှာ ကျင်းပတာ ဖြစ်ပြီး အကြောက်တရားကင်းဝေးရေး စာတမ်းတွေဖတ်ကြားနှီးနှောဖလှယ်တာလို့ ဒီအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ကျောင်းသားရေးရာကော်မတီတာဝန်ခံ ကိုဝေဖြိုးအောင်က ပြောပါတယ်။

ဖတ်ကြားတဲ့ စာတမ်းတခုနှင့် တခုကြား performance အနုပညာသရုပ်ပြပွဲလည်း တင်ဆက်ခဲ့ပါတယ်။

အခမ်းအနားမှာ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အစရှိသူတို့က လူငယ်တွေကို အကြောက်တရားကင်းဝေးရေး လက်ဆင့်ကမ်း အမှာစကား ပြောကြားပါတယ်။

0:00 / 0:00