သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက် ရှိနေ တဲ့ နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန် ယာတို့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့မနက် ကနေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီနောက် နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး သမ္မတ ဦးသိန်းစိန်က နေ့ လည်စာ တည်ခင်းခဲ့ပါတယ်။ ညနေပိုင်း မှာတော့ နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ အမျိုး သား ဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစု ကြည် နဲ့ နေပြည်တော် Park Royal ဟိုတယ်မှာတွေ့ ဆုံခဲ့ပါတယ်။
အဲ့ဒီနောက် သတင်းမီဒီယာနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေမှာ စိန်ခေါ် မှုတွေ၊ အခက်အခဲတွေနဲ့ရင်ဆိုင်နေရ ဆဲဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်စရာတွေအများအပြား ရှိနေကြောင်း၊ မြန်မာဟာ နော်ဝေနိုင်ငံက အဓိကကူညီနေတဲ့နိုင်ငံဖြစ်သလို၊ မြန်မာနိုင်ငံ တိုးတက်ပြောင်း လဲရေးအ တွက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၇၇ နှစ်အရွယ် နော်ဝေဘုရင် ဟာရယ် ဟာ ဒီကနေ့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမယ်လို့ လည်းသိ ရပါတယ်။
နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ လေးရက် တာခရီးစဉ်အတွင်း အရပ်ဘက် အဖွဲ့ အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေ နဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။
