နော်ဝေရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမမှာ မနေ့က နိုဘယ်လ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့ မိန့်ခွန်းပြော ကြားအပြီးနော်ဝေနိုင်ငံကိုရောက်ရှိနေတ မြန်မာတွေနဲ့ သီးသန့်တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ပါတယ်။
2012-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-norway-public-b305
၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က နိုဘယ်လ် ငြိမ်းချမ်းရေးဆု လက်ခံသည့်မိန့်ခွန်း ပြောကြားပြီးသည့်နောက် မြန်မာပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်စကားပြောဆိုနေစဉ်။
AFP

မြန်မာနိုင်ငံနဲ့ အလွန်ဝေးကွာတဲ့နိုင်ငံမှာ မြန်မာပြည်သူ ပြည်သားတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် သူ့အနေနဲ့ ၀မ်းသာမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ တက်ရောက်လာသူတွေကိုလည်း လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံရဲ့ကျေးဇူးကို လေးစားဖို့ အခုလိုတိုက်တွန်းသွားပါတယ်။

"ကိုယ့်ဘက်က ကိုယ်နေတတ်မှလည်း တဘက်ကနေပြီးတော့ မှန်မှန်ကန်ကန် တုံ့ပြန်မှာ။ အဲတော့ ကျွန်မကနေပြီးတော့ အမြဲသတိပေးပါတယ်။ ကျွန်မတို့ဟာ ဧည့်သည်တွေဖြစ်တယ်။ ဧည့်သည်တွေဖြစ်တဲ့အခါကျတော့ အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ရဲ့ အကြိုက်ကိုနားလည်ရမယ်။ ကိုယ်ကနားလည်မှုရှိရမယ်။ ကိုယ်က ဧည့်သည်ကိုး၊ ဒါပေမဲ့ အိမ်ရှင်တွေကလည်း ကိုယ်ကနေပြီးတော့ နေတတ်လို့ရှိရင် ကိုယ့်အပေါ်မှာ ပိုပြီးတော့ ကောင်းလာမယ်။ ကိုယ့်အပေါ်အမြင်ပိုပြီးတော့ မှန်လာမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ်ကဧည့်သည်ဖြစ်တယ်။ ဒီအိမ်ရှင်ပေါ်မှာ ကျေးဇူးတရားနဲ့ ဆက်ဆံစေချင်တယ်။ အဲဒီလိုဆက်ဆံခြင်းဟာ ကိုယ့်ရဲ့လူသားသိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်နိုင်ငံရဲ့သိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်"

အဲဒီတွေ့ဆုံပွဲပြီးတဲ့နောက် နိုဘယ်လ်ငြိမ်းချမ်းရေးစန်တာမှာ ကျင်းပတဲ့ လူထုနဲ့တွေ့ဆုံပွဲအခမ်းအနားမှာလည်း နော်ဝေပြည်သူပေါင်း သောင်းနဲ့ချီပြီး တက်ရောက် အားပေးခဲ့ကြပါတယ်။

နော်ဝေပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ လေးစားမှုကို မြန်မာပြည်သား တယောက်အနေနဲ့ ဂုဏ်ယူအံသြမိတယ်လို့ အခမ်းအနားကို တက်ရောက်နေ တဲ့ RFA ပြင်ပဆောင်းပါးရှင် ကိုညိုကလည်း ပြောပါတယ်။

နော်ဝေနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဂုဏ်ပြုပွဲ အခမ်းအနားကို ဥရောပနိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အခြားနိုင်ငံတွေ ရောက်နေတဲ့ မြန်မာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆုလက်ခံပွဲကို ဥရောပအပါအ၀င် နိုင်ငံအများမှာရောက်ရှိနေကြတဲ့ မြန်မာတွေလာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့ကို ရောက်ရှိသတင်းယူနေတဲ့ အာအက်ဖ်အေ အဖွဲ့သားဦးခင်မောင်စိုးက ဒီပွဲလာ မြန်မာတချို့ကို မေးမြန်းခဲ့ပါတယ်။

မေးမြန်းချက်။
အသံဖိုင်ယူရန်။

နှစ်ပေါင်း ၂၁ နှစ်ကြာမှာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကိုကိုယ်တိုင်တက်ရောက်ပြီး ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ နော်ဝေရောက် မြန်မာတွေနဲ့ သီးသန့်တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေကို မအင်ကြင်းနိုင်က ကောက်နုတ် တင်ပြထားပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

knifes

Please see all rohingers..
Put these words into your brain..
Please understand that Amay Su what she want to tell all of you...

Jun 17, 2012 10:28 AM