ကျောက်တန်းမြို့နယ်မှာ ကျောက် မီးသွေးစက်ရုံ တည်ဆောက် ခွင့်ပြုမှာမဟုတ်


2016.10.19
coal-620.jpg ကျောက်မီးသွေးတုံးများကို တွေ့ရစဉ်
.

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဇွဲပါကုန်းတန်းကျေးရွာမှာ ကျောက်မီးသွေး စက်ရုံတည်ဆောက်ဖို့ အတွက် ကုမ္ပဏီတစ်ခုက ကျေးရွာသားတွေကို သဘောတူလက်မှတ်ရေးထိုးဖို့ စည်းရုံးမှုတွေ လုပ်ဆောင်နေ တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါတယ်။

မနေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခွင့်ပြုဖို့ ရှိ မရှိ မေးမြန်း ခဲ့ရာ ရန်ကုန်တိုင်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း တိုင်းအစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့တယ်လို့ ကျောက်တန်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါတယ်။

"လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် မနေ့ကသူဖြေတာက အစီအစဉ် မရှိဘူးလို့ပဲဖြေတယ်၊ ကျွန်မတို့ပြည်သူတွေကို အဲ့လောက်ပြောလိုက်ရင်ပဲ ဝမ်းသာနေကြတာ သူတို့ က ကြောက်နေကြတာ" လို့ ပြောတာဖြစ်ပါတယ်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်လိုသူတွေဟာ ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ဇွဲပါကုန်းတန်းကျေးရွာမှာ ဒေသ ခံတွေကို စည်းရုံးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရေကန်တူးဖော်ဖို့ ငွေကျပ် ၄၅ သိန်းလှူဒါန်းထားပြီး တံတားတွေ တည်ဆောက်ပေးမှာဖြစ်ကြောင်းနဲ့ စက်ရုံက ရလာတဲ့ အကျိုးအမြတ် ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးမှာဖြစ်ကြောင်းလည်း လာရောက်စည်းရုံးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသခံတွေကို အင်္ဂလိပ်လိုရေးသားထားတဲ့ စာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးပေး ဖို့ ပြောလာတဲ့အပေါ် ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတဲ့အတွက် လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာ လို့ ဒေါ်သက်သက်မူ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။