စစ်ဗိုလ်အမတ်တွေထံက မျှော်လင့်စရာ မရှိ
လွှတ်တော်အဆင့်ဆင့်အတွက် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ် လိုက်တဲ့ စစ်တပ် အရာရှိတွေထဲမှာ အများ ကြိုတင် ယူဆထားသလို အဆင့်မြင့် အရာရှိကြီးတွေ မဟုတ်ဘဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် အရာရှိငယ်တွေ အများစု ဖြစ်နေတာ ကြောင့် ပြည်သူ သန်း ၆ဝ ရဲ့ အရေး အလေးထား ဆွေးနွေးဆောင်ရွက်ရမယ့် ကိစ္စတွေကို လစ်လျူရှု ပမာမခန့်ပြုထားတာကို အထင်အရှား ပြသလိုက်တာ ပဲလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါ့ပြင် ဒီ စစ်ဗိုလ် လွှတ်တော်အမတ်တွေဟာ အထက် စစ်ခေါင်းဆောင်ရဲ့ အမိန့်ကိုသာ နာခံ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမယ့်သူတွေ ဖြစ်တာကြောင့် မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တစုံတရာ မျှော်လင့်စရာ မရှိဘူးလို့ မြန်မာ့ စစ်ရေး နိုင်ငံရေး လေ့လာသူ NDD သုတေသနအဖွဲ့က ဦးဌေးအောင်က ယူဆပါတယ်။ ဦးဌေးအောင်ကို RFA ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။