NLD ပါတီမှတ်ပုံတင်ရေး NUP ကြိုဆို

2011-11-07

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ အင်အား ဒုတိယ အကြီးဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပစဉ် တက်ရောက်လာသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဆင်လိုက်ပြီး နောက်ပိုင်း NLD အနေနဲ့ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်မယ် ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပိုမို အကျိုးရှိလာမှာ ဖြစ်တယ်လို့ တစည-ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဟန်ရွှေက RFA ကို ပြောပါတယ်။

တစညပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တစ်ထောင် နီးပါး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ လွှတ်တော် အမတ်နေရာ ခြောက်ဆယ်ကျော် အနိုင်ရရှိခဲ့ ပါတယ်။

လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အဓိက မဟာမိတ် ပါတီလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဟာ ယခင် ဗိုလ်ချုပ်ကြီး နေ၀င်း စစ်အစိုးရ လက်ထက်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ မဆလ ခေါ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို နာမည်ပြောင်းလဲ ထူထောင်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ

NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို

ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းခွေ နာမည်ကျော် လူငယ်အဆိုတော်တွေ သီဆိုပါဝင်

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မော်လမြိုင်မြို့ကို ရောက်ရှိ