တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီရဲ့ လူထုဟောပြောပွဲ

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကျူးကျော်အိမ်ရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံ(၁၅၀)ကျော်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက "အကြောက်တရား"အမည် နဲ့ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

အကြောက်တရားတွေလွှမ်းမိုးနေတဲ့ ပြည်သူတွေကို ပြောရဲဆိုရဲရှိလာအောင် အသိဉာဏ်တွေဖွင့်ပေးဖို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ရွှေပြည်သာမြို့နယ်တာဝန်ခံ ဒေါ်မျိုးမျိုးအေးက RFAကို ပြောပါတယ်။

ဒီကနေ့ဟောပြောပွဲကို ဒေသခံ အာဏာပိုင်တွေက ဟန့်တားတာတွေရှိပေမယ့် အခမ်းအနားပြီးဆုံးဆောင် ဆက်လက်ကျင်းပခဲ့ကြပါတယ်။

အလားတူ ဟောပြောပွဲတွေကို လာမယ့် ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာလည်း ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်မှာ ထပ်မံပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။