တစည ပါတီရဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

စနေနေ့မှာ ကျရောက်မယ့် ၆၄ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ်မှာ မနေ့က နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

တစညပါတီ ဥက္ကဋ္ဌ ဦးထွန်းရီက အခမ်းအနား ကျင်းပရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဖိတ်ကြားထားတဲ့ ပြည်တွင်းပြည်ပ သတင်းစာဆရာတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

အခမ်းအနား စတင် ကျင်းပတဲ့အခါ သဘာပတိဖြစ်သူ ဥက္ကဋ္ဌ ဦးထွန်းရီကပဲ အဖွင့် အမှာစကား ပြောကြားပြီး ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်ရွှေက ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

အဲဒီနောက် ပါတီဝင်တွေက ဒီမိုကရေစီရေးရာ သဘောထားအမြင်တွေကို ဆွေးနွေး ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။