အမေရိကန်သမ္မတ အိုဘားမားက အီရန်နိုင်ငံ ရဲ့ နျူကလီးယားစွမ်းအင်ပြဿနာကို ဆွေးနွေးပွဲ နဲ့ ဖြေရှင်းခဲ့တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကျယ်ပျံ့ တဲ့ နိုင်ငံခြားရေး မူဝါဒ အစိတ်အပိုင်းတစ်ရပ်ပဲလို့ ပြော ကြားခဲ့ကြောင်း မနေ့ကလာတဲ့ အေပီသတင်းမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် သမ္မတအိုဘားမားက မြန်မာနဲ့ ကျူးဘားနိုင်ငံ ဆိုင်ရာပြသနာတွေမှာ အမေရိကန်ပြည်ထောင်စု က ဆွေးနွေးဖြေရှင်းခဲ့ပုံတွေကို စံနမူနာပြရင်း မိမိတို့နိုင်ငံ ဟာ ပြသနာတွေကို စွန့်စားရင်းနှီးမှုတွေ မပြုလုပ်ဘဲ အခုလိုချဉ်းကပ်ပြောဆိုပြီး အဖြေရှာနိုင် လောက်အောင် အင်အားကြီးမားတဲ့ နိုင်ငံဖြစ်ပါတယ်လို့လည်း နယူးယော့ခ်တိုင်းမ်စ် သတင်းစာကို ပြောကြားကြောင်း သိရပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ရေရှည်တည်ငြိမ်ရေးနဲ့ အီရန်နိုင်ငံက နျူကလီးယားဗုံးထုတ်ဖို့ ကြိုးစားနေတာတွေကို တားဆီးရေးအတွက် တစ်သက်တစ်ခါ ဆိုသလို ပေါ်ပေါက် လာတဲ့ အခွင့်အရေးကို အရယူပြီး မိမိတို့အမေရိကန် အပါအဝင် အင်အားကြီးနိုင်ငံတွေ က အီရန်အစိုးရနဲ့ သဘောတူညီချက်ရယူခဲ့ တာဖြစ်တယ်လို့လည်း သမ္မတအိုဘား မားက ပြောပါတယ်။
အမေရိကန်လွတ်တော်အမတ် အများအပြားကတော့ အီရန်အစိုးရထံကနေ အနုမြူအစီအစဉ် ထာဝရဖျက်သိမ်းရေး အတွက် အာမခံချက် ခိုင်ခိုင်မာမာ မရရှိဘဲနဲ့ ပိတ်ဆို့မှုတွေရုပ်သိမ်းမိမှာကို စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုနေကြ ပါတယ်။
