OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်

OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးရုံးဟာ လူသားချင်း စာနာမှုဆိုင်ရာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း OIC သံအမတ် Tariq Bakheet က မနေ့က ကြေညာပါတယ်။
2012-09-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ကူဝိတ်နိုင်ငံမှာရှိတဲ့ OIC အထွေထွေ အတွင်းရေးမှူးရုံးမှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စအတွက် OIC အတွင်းရေးမှူးချုပ်က အချက်အလက် ရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး ဒီသဘောတူညီချက်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုး ခဲ့တယ်လို့ Mr. Bakheet က ပြောပါတယ်။

ဒါဟာ ထူးခြားပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့လည်း ပြောပါတယ်။ OIC အတွင်းရေးမှူးချုပ်လည်း မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး ဒီခရီးအတွက် မြန်မာအစိုးရနဲ့ အစီအစဉ် လုပ်နေတယ်လို့လည်း ဆိုပါတယ်။

OIC ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အပြင် နေရပ်က ရွှေ့ပြောင်းရသူတွေ ရှိနေတဲ့ နေရာတွေကိုလည်း ကွင်းဆင်းတယ်လို့ ဆိုပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

OIC က လူသားချင်းစာနာတဲ့ ရုံးဖွင့်ရမည့်နေရာမှားတယ်- လူနားချင်းစာနာတဲ့ ရုံးဖွင့်သင့်တဲ့နေရာက လစ်ဗျား- ဆီးရီးယား နိုင်ငံတွေဖြစ်တယ်။

Sep 14, 2012 04:03 AM

အငယ်လေး

နေရပ်- မွန်ပြည်နယ်

မြန်မာနိုင်ငံမှာအဲဒီရုံးလာဖွင့်မည်ဆိုတာ မူဆလင်လူမျိုးများအတွက်သာဖြစ်တယ်လို့ ကျတော်ယူဆပါတယ်။ မြင်းကိုချိုတတ်ပေးသလိုဖြစ်မှာပဲစိုးရိမ်ပါတယ်။သမ္မတကြီးအနေနဲ့သေချာစဉ်းစားစေချင်တယ်ခင်ဗျာ။

Sep 13, 2012 11:38 PM

အမည်မဖော်လိုသူ

လူသားချင်းစာနာမှုဆိုင်ရာရုံး OIC အစ္စလာမ္မစ်ရုံးလာ:...... ရေရတယ်......
SAUDI RAABIA COUNTRY မှာလာကြည်.ပါ နိုင်ငံတခြားသားတွေကိုဘယ်လို လူသားချင်းစာနာလေး မြန်မာအစိုးရနဲ့ RFA ကိုသိစေလိုပါသည်။

Sep 13, 2012 03:00 PM

Maung Lwin

နေရပ်- Toronto,Canada

"Please must be careful!!!!!!"

Sep 13, 2012 12:59 PM

ခိုင်ရာဇာ

နေရပ်- မေဃ၀တီ

ဒီကိစ္စကြီးက ဒီကောင်တွေ ဒလဟော ပါဝင်လာမဲ.လမ်းစပဲ။သမ္မတကြီးက လက်မှတ်မထိုးသင်.ဘူးလို.မြင်ပါတယ်

Sep 13, 2012 09:21 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.