ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့ မြန်မာ အစိုးရက ခွင့်ပြုကြောင်း OIC ကြေညာ

ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီ် ဖြစ်ကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်းက စနေနေ့က ကြေညာလိုက်ပါတယ်။
2012-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

သောကြာနေ့က ရန်ကုန်မြို့မှာ OIC ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မြန်မာအစိုးရက သဘောတူညီလိုက်တာ ဖြစ်ကြောင်း OIC က ပြောဆိုတယ်လို့ အေအက်ဖ်ပီင်္ သတင်းက ဖော်ပြပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အစ္စလာမ်ကူညီရေးအဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ ဒေသခံ အားလုံးကို ထောက်ပံ့ ကူညီလိုတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကို OIC ကိုယ်စားလှယ် အဖွဲ့က အာမခံ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွင်း ဆော်ဒီဘုရင် အဗ္ဗဒူလာက ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ကူညီငွေ အမေရိကန်ဒေါ်လာ သန်း (၅၀) ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆော်ဒီ SPA သတင်း က ဖော်ပြပါတယ်။

အာရပ်စော်ဘွားများနိုင်ငံ ( UAE ) ကလည်း ရခိုင်ပြည်နယ်မှာ လူနည်းစု မူဆလင်တွေရဲ့ ဆင်းရဲဒုက္ခတွေ ကင်းငြိမ်းသွားအောင် တိုးတက် ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာ အသိုင်းအ၀န်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အစိုးရကို ဖိအားပေးနေမဲ့အစာuးaeကိုခေါ်သွားကြပါလား

Nov 28, 2012 02:52 AM

ဇာတိသွေး

နေရပ်- ပုသိမ်

ရိုဟင်ဂျာအရေးအသေအချာအသေးစိတ်ဆွေနွေပြီးမှလက် ခံဖို့ အကြံပေးချင်ပါတယ်။ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ သောကတွေကိုလဲနားလည်ပေးရမယ်။

Oct 14, 2012 01:20 AM

အမည်မဖော်လိုသူ

နေရပ်- ရခိုင်

မြန်မာအစိုးရအနေနဲ့  လက်ခံတာ ကောင်းပေမယ့် လည်း တဘက်က ကုလားတွေရဲ့  အမြင် မှာ မြန်မာ အစိုးရ ဟာ အရမ်းကြောက်တတ်ရန်ကောလို့  ရယ်နေကြမှာတေါ့ တွေးကြည့် စေချင်တယ် ဘာမှ ပြတ်သားစွာနဲ့  အရေးမယူဘဲ ဒီအတိုင်း ကြည့် နေပြီးလွတ်ပေးနေမယ်ဆို ရင် တော့  ရခိုင်ပြည်နဲ့  မြန်မာ နိုင်ငံ ဟာ နောင်နှစ်ပေါင်း ဆယ်နှစ်အတွင်း ကုလားတွေရဲ့ လက်ထဲ ရောက်သွားလိမ့်မယ် ရခိုင်ပြည်မှာ ၉၃% ဟာ ရိုဟင်ဂျာ လို့ ခေါ်တဲံ့  ကုလားတွေပါဘဲ ကျန်တဲ့ ၇% ဟာ တိုင်းရင်းသားတွေဖြစ်တယ် အဲဒီတော့  လူနည်းစု ဆိုတာ ဘာကို ခေါ်တာလဲ မေးပါရစေ လွတ်လပ်တဲ့ အာရှအသံရေ

Sep 25, 2012 03:23 AM

အမည်မဖော်လိုသူ

တောက်ပံ့ချင်တဲ့နိုင်ငံတွေအနေနဲ့ထောက်ပံ့ငွေပေးမဲ့အစားနိုင်ငံသားအဖြစ်လက်ခံပေးတာပိုသဘာဝကျပါတယ်

Sep 14, 2012 09:24 AM

အမည်မဖော်လိုသူ

ငတ်နေတာတွေကို ထောက်ပန့်ဖို့လား။မြန်မာပြည်သူတွေကို ပစ်ဖို့ လက်နက်စရိတ်ထုတ်ပေးတာလား။လူမြိုလို့ မျိုးတုံးကုန်မယ်နော်။သတိနဲ့လက်ခံပါ။(သံမဏိ)

Aug 18, 2012 11:17 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.