အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးထိပ်ဆုံးက ဆွေးနွေးမည်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။
2012-11-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေးနွေးသွားဖို့အတွက် အိုအိုင်စီအဖွဲ့က ပြင်ဆင်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အိုအိုင်စီအနေနဲ့ ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်ဗ် သတင်းဌာနက ရေးသားပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်းနိုင်ငံတွေကို အခုလို တိုက်တွန်းတာဖြစ်ပါတယ်

ကွန်မင့်များ (21)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Burmese historians such as Saya U Khin Maung Saw have claimed that the term 'Rohingya' was unknown before the 1950s. Another historian, Dr Maung Maung, notes that the word Rohingya is not used in the 1824 census, conducted by the British. Historian Dr Aye Chan from Kanda University of International Studies states that the term Rohingya was created by descendants of Bengalis in 1950s who migrated into Arakan during colonial times. He also holds that the term cannot be found in any historical source in any language before the 1950s.

Nov 16, 2012 10:18 AM

U Thant Zin

နေရပ်- Yangon

ကျွန်မတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ်။ အဲဒါအရ အကျုံးဝင်တဲ့သူအားလုံးဟာ နိုင်ငံသားဖြစ်ခွင့်ရမှာပါ။ ကျွန်မတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

Nov 16, 2012 09:17 AM

U Thant Zin

နေရပ်- Yangon

ဒီနယ်ခြားပြဿနာမှာ နိုင်ငံတစ်နိုင်ငံတည်း ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ နှစ်နိုင်ငံ ရှိပါတယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ မြန်မာရှိပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံလုံးမှာ တာဝန်ရှိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''အခုအခိုက်အတန့်မှာ လူတိုင်းကထင်နေကြတာက ဒီနယ်ခြားဟာ မြန်မာက လုံးဝတာဝန်ယူရမဲ့ကိစ္စ လို့ပါ။ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Ref:NDTV, DailyTimes, Times of India

Nov 16, 2012 07:15 AM

U Thant Zin

နေရပ်- Yangon

''နယ်စပ်ကနေ တရားမ၀င် ခိုးဝင်မှုတွေကလည်း အခုထိ အမြောက်အများ ရှိနေတယ်မဟုတ်လား။ ဒါကိုကျွန်မတို့ ရပ်တန့်ရပါမယ်၊ ဒါမှမဟုတ်ရင် ဒီပြဿနာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောမယ်။ ဒီလူတွေက မြန်မာပြည်က လာတာ။ မြန်မာပြည်ကလူတွေကလည်း ပြောမယ် ဒီလူတွေက ဘင်္ဂလားဒေ့ရှ်ကလာတာလို့လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်ကို အင်္ဂလိပ်လိုဘာသာပြန်ဆိုပေးကြပါ။

Nov 16, 2012 07:03 AM

U Thant Zin

နေရပ်- Yangon

Everybody know who are dying in violent death by killing each other all over the world, everyday? If they like to kill others, they will be killed in any way. Isn't it?
They are reaping as they sow!
They will reap as they sow!
May all beings be peaceful and free from all sufferings.

Nov 15, 2012 10:54 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.