ရေနံလုပ်ကွက်တွေ ထပ်မံချပေး


2015.04.01
oil-305 ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်
Photo: RFA

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်က ရေနံလုပ်ကွက် ၄ ခုကို အိန္ဒိယနဲ့ အီတလီ စွမ်းအင်ကုမ္ပဏီတွေ လုပ်ကိုင်ခွင့် ရရှိသွားကြပါတယ်။

တနင်္သာရီကမ်းလွန်လုပ်ကွက်အမှတ် M ၁၇ နဲ့ M ၁၈ မှာ ရေနံရှာဖွေထုတ်ယူဖို့ အိန္ဒိယ Reliance ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့ သဘာဓါတ်ငွေ့လုပ်ငန်းတို့ မနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး၊ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် MD၂ နဲ့ MD ၄ အတွက် အီတလီ ENI ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

အိန္ဒိယ Reliance ကုမ္ပဏီရှာဖွေလုပ်ကိုင်မယ့် M ၁၇ နဲ့ M ၁၈ လုပ်ကွက်တွေဟာ စုစုပေါင်းစတုရန်းမိုင် တစ်သောင်း ခုနစ်ရာနီးပါး ပတ်လည်ကျယ်ဝန်းပြီး၊ အနက် ပေ သုံးထောင်အထိ တူးဖေါ်ရှာဖွေမှာဖြစ်ပါ တယ်။ အကျိုးအမြတ် ၉၆ ရာနှုန်းရရှိမယ်လို့ သိရပါတယ်။

အီတလီ စွမ်းအင်ကုမ္ပဏီ ENI က လုပ်ကိုင်မယ့် လုပ်ကွက် MD-2 ဟာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ရှိပြီး စတုရန်းမိုင် ၄ ထောင် နီးပါးကျယ်ပါတယ်။ လုပ်ကွက် MD- ၄ ကတော့ မုတ္တမပင်လယ်ကွေ့တောင်ပိုင်း၊ မှာရှိပြီး စတုရန်းမိုင် ၂၃၀၀ နီးပါးကျယ်ဝန်းပါတယ်။ ဒီလုပ်ကွက်တွေမှာ ရှိနိုင်တဲ့  ရေနံပမာဏ ခန့်မှန်းချက် ကိုတော့ ထုတ်ဖော် မပြောပါဘူး။ အကျိုးအမြတ်အတွက် အီတလီကုမ္ပဏီက ရာနှုန်း ၈၀ ကို ရရှိမှာဖြစ်ပါတယ်။ ENI ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး စွမ်းအင် ထုတ်လုပ်တဲ့ အီတလီ ကုမ္ပဏီ ဖြစ်လာတော့မယ် လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရေနံ မထုတ်လုပ်မီ လေ့လာစမ်းသပ်မှုနဲ့ တိုင်းထွာတွက်ချက်မှုတွေ ၆ နှစ်ကြာ ဆောင်ရွက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။