ပဲခူးတိုင်း ဝေါမြို့မှာနေတဲ့ မိဘတွေက ကလေးစစ်သားအဖြစ် စုဆောင်းခံလိုက်ရတဲ့ သားကို ပြန်ခေါ်နိုင်ဖို့ ရန်ကုန်အိုင်အယ်လ်အို ရုံးခွဲကို ဒီနေ့ အောက်တိုဘာ ၄ ရက်မှာ စာရေးပြီး အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား ၇၀,ဝ၀ဝခန့် ရှိနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။ (Photo: AFP)
နေအိမ်က ပျောက်သွားတဲ့ မောင်အောင်ဇင်ထက်ဟာ လက်ဖက်ရည်ဆိုင်တဆိုင်မှာ အလုပ်လုပ်ပြီးနောက် ပိုက်ဆံရရင် ပြီးရောဆိုပြီး ထမင်းဆိုင်တခုမှာ လုပ်နေရင်းနဲ့ သူ့ရှေ့က အသုပ်သည် မိန်းမတယောက်က သူနဲ့ လိုက်သွားရင် လစာအများကြီးရမယ်ဆိုပြီး ထည့်လိုက်လို့ စစ်တပ်ထဲကို ရောက်သွားတဲ့အကြောင်း ဖခင်က ပြောပါတယ်။
မောင်အောင်ဇော်ထက်ကို မန္တလေး စစ်သားစုဆောင်းရေးမှာ မှတ်ပုံတင်အတု လုပ်ပြီး မောင်မင်းနိုင်ဦး ဆိုတဲ့ နာမည်နဲ့အသက် ၁၈ နှစ် ပြည့်ပြီးကြောင်း လိမ်လည်ထားသလို ပညာအရည်အချင်းပါ လိမ်လည်ခံရပြီး စစ်တပ်ထဲ ရောက်နေတာလို့လည်း ဖခင်ဖြစ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သားဖြစ်သူရှိတဲ့ လှည်းကူးက စစ်လေ့ကျင့်ရေးကျောင်းမှာ တွေ့ဆုံခဲ့ပြီး၊ သားဖြစ်သူကလည်း ကျောင်းပြန်တက်ချင်သလို မိဘတွေကလည်း အသက်မပြည့်သေးတဲ့အတွက် အိုင်အယ်လ်အိုကို အကူအညီတောင်းပြီး ပြန်ခေါ်ဖို့ ကြိုးစားနေတာပါ။
အခု မောင်အောင်ဇင်ထက်ဟာ ကိုယ်ပိုင်အမှတ် (တ/၄၄၀၀၈၆) နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဖောင်ကြီးမင်းကုန်း လေ့ကျင့်ရေးကျောင်းမှာ ရှိနေပါတယ်။ ဖခင်ဖြစ်သူ ဦးအောင်နိုင် နဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ
တိုက်ပွဲ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကို ILO သွားခွင့်ရပြီ
ကလေးစစ်သားကိစ္စ အိုင်အယ်လ်အို တိုင်ကြား
ကလေးစစ်သားဖြစ်တော့မယ့် ကျောင်းသားငယ် ထွက်ပြေးလွတ်မြောက်လာ
ကလေးစစ်သား အမှု အိုင်အယ်လ်အို တိုင်ကြား
လှိုင်သာယာမှာ လူ့အခွင့်အရေး ဆွေးနွေးဟောပြော
ကလေးစစ်သား ပြန်ခေါ်ဖို့ မိဘတွေကြိုးပမ်း
မှတ်ချက်များ
Click here to add your own comment