မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မျှော်မှန်းထားလို အောင်မြင်မှု မရှိတဲ့ အတွက် ပြန်ပြီး စဉ်းစား သုံးသပ်သင့်ပြီ ဖြစ်ကြောင်း ဘယ်လ်ဂျီယမ် အခြေစိုက် ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောလိုက်ပါတယ်။
မြန်မာ စစ်အစိုးရက ရန်ကုန်မြို့တွင် ကျင်းပသော ကျောက်မျက်ရတနာ ပြပွဲတွင် ၂၀ဝ၈ ခုနှစ် မတ်လ ၁၁ နေ့က ကျောက်စိမ်းများ အရည်အသွေးကို ရတနာကုန်သည်တဦး စစ်ဆေးနေပုံ ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ အပါအဝင် ကုန်စည်များ တင်သွင်းခြင်းကို ပိတ်ဆို့ကာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားသည်။ (Photo: AFP)
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရသစ်မှာ စစ်ဗိုလ်ချုပ်တွေကသာ အဓိက လွှမ်းမိုးနေပေမယ့် ဒါဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ပိုပြီး လွတ်လပ် ပွင့်လင်းမှုအတွက် အခွင့်အလမ်းတခု ဖြစ်ကြောင်း ICG ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒီအခွင့်အလမ်းကို အမိအရ အသုံးချနိုင်ဖို့ အတွက်ဆိုရင် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အနောက်နိုင်ငံတွေရဲ့ မအောင်မြင်တဲ့ ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒတွေကို ပြောင်းလဲမှသာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး အဲဒီလို မူဝါဒအသစ်တခုနဲ့ ပြောင်းလဲ ချဉ်းကပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ရင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာနိုင်တယ် ဆိုတဲ့အကြောင်း မြန်မာခေါင်းဆောင်တွေကို အချက်ပြနိုင်မှာ ဖြစ်ကြောင်းလည်း ICG အစီရင်ခံစာက အကြံပြုထားပါတယ်။
မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းခွင့် ပိတ်ပင်ထားတာလို စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဖွံ့ဖြိုးရေး အကူအညီ ကန့်သတ်မှုတွေကို ပြန်ရုပ်သိမ်းဖို့နဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံကို ငွေကြေးအကူအညီတွေ တိုးမြှင့်ပေးဖို့လည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခင်းအကျင်းတွေ ပြောင်းလဲလာမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း မြန်မာ့နိုင်ငံရေး တည်ငြိမ်ဖို့ အတွက် တစုံတရာ ပါဝင် ပတ်သက်လာကြမှာ ဖြစ်တယ်လို့ ICG အစီရင်ခံစာက သုံးသပ် ရေးသားထားပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
ပိတ်ဆို့မှု အမြန်ရုပ်သိမ်းဖို့ ICG တိုက်တွန်း
မြန်မာပြည်သူတွေ စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ချိန် တန်ပြီလို့ UMFCCI ဥက္ကဋ္ဌ ပြော
မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်
မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး
ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ မလေးရှား တိုက်တွန်းမည်
ဦးတေဇရဲ့သားအကြီးနာမည် ဥရောပပိတ်ဆို့စာရင်းထဲက ပယ်ဖျက်
ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော
မှတ်ချက်များ
Click here to add your own comment