သိမ်းထာတဲ့လယ်မြေတွေ ပြန်ပေး ဖို့ သဲကုန်းမြို့ လယ်သမားတွေ တောင်းဆို


2014.06.28

သဲကုန်းမြို့နယ်မှာ ဒေသခံစစ်တပ်နဲ့ပုဂ္ဂလိလုပ်ငန်းရှင်တစ်ဦးသိမ်းထားတဲ့ လယ်ဧက ၂ ထောင်ကျော် ပြန်ပေး ဖို့တောင်းဆိုတဲ့ လယ်သမားခေါင်းဆောင်တချို့ကို တရားစွဲထားသလို တချို့ကိုဖမ်းဝရမ်း ထုတ်ထားပါတယ်။

အဲဒီလယ်သမားတွေအရေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က ကျောင်းသားတွေ သွားရောက် ကူညီနေသလို မနေ့ကလဲ ကာယကံရှင်လယ်သမားတွေက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်း ထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။