NLD အဖွဲ့ချုပ် နဲ့ ဒေသခံ NLD အဖွဲ့ဝင်တွေ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီငွေတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ နေထိုင်နေတဲ့ ပခုက္ကူမြို့က ရေဘေးဒုက္ခသည် အိမ်ထောင်စု ငါးရာကျော်ကို ဒီကနေ့ ထောက်ပံ့ အကူအညီပေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။ “ဒီမှာ လူဦးရေ ၁၄၀၀ ကျော် နဲ့ မိသားစု ၅၅၁ စုက ဒီက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်။ အထွေထွေ အတွင်းရေးမှူး လှူဒါန်းလိုက်တဲ့ငွေရယ်၊ ဒီမှာ ကြိုတင်ပြီးတော့ လှူဒါန်းထားတဲ့ငွေတွေရယ် အားလုံးပေါင်း သိန်းငါးဆယ်လောက်ရတော့၊ ပခုက္ကူမှာတော့ တစ်အိမ်ထောင်ကို ဆန်လေးပြည် နဲ့ ငွေကျပ် သုံးထောင်ပေါ့ ရေးဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းတွေကို လှည့်ပြီးတော့ အကူအညီပေးနေပါတယ်။” ပခုက္ကူမြို့မှာ ရေဘေးကြောင့် သေဆုံးသူ တစ်ရာကျော်ရှိနေပြီး အိုးအိမ်မဲ့ ဒုက္ခသည် ထောင်ချီ ရှိနေပါတယ်။ ဒုက္ခသည်တွေအတွက် မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း နဲ့ တခြား လူမှု အဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့ ပေးနေကြောင်း သိရပါတယ်။ ပခုက္ကူမြို့က ရေဘေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေကို အဲဒီကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့က ဦးအုံးကြိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00