ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ

ဦးသိန်းစိုးခေါင်းဆောင်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန် မကျေပွန်မှုတွေကြောင့် လက်ရှိ ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာခဲ့ပါတယ်။
2012-09-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
thura-u-shwe-mann-090612-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ ရာထူးတာဝန် ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကြေညာနေစဉ်။
RFA

“နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးစိုးသိန်း၊ ဦးထွန်းကြည်၊ ဦးခင်ထွန်း၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီ၊ ဦးဆန်းမြင့်တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၂) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၅) ပါ ဥပဒေက ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ၄င်းတို့အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ လွှတ်တော် နှစ်ရပ်က စွပ်စွဲ ပြစ်တင်ခြင်းသည် မှန်ကန်သည့်အတွက် အထက်ဖော်ပြပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲဝင်အားလုံးသည် လက်ရှိထမ်းဆောင်နေသော ရာထူးတာဝန်ကို ဆက်လက်ထမ်းဆောင်စေရန် မသင့်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာပါတယ်”

ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ခြင်းနဲ့ ပတ်သက်လို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားကို ရယူခဲ့ရာမှာ လွှတ်တော် ကိုယ်စားလှယ် (၃၀၇) ဦးက ထောက်ခံခဲ့ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် (၃) ပုံ (၂) ပုံကျော်ရဲ့ ထောက်ခံ ဆုံးဖြတ်ချက်အဖြစ် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်တဲ့ ကိစ္စကို လာရောက် အစစ်ဆေးခံဖို့ လွှတ်တော် စုံစမ်းရေးအဖွဲ့က အကြောင်းကြားခဲ့ပေမယ့် သတ်မှတ်ထားတဲ့ ကာလအတွင်း တစ်ဦး တစ်ယောက်မှ မလာကြတဲ့ အတွက် ခုံရုံး လုပ်ထုံး လုပ်နည်းအရ ဒီကနေ့ မျက်ကွယ်မှာ စီရင်ချက်အဖြစ် အခုလို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့ပြီး လစ်လပ်သွားတဲ့ ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် (၉) ဦး ကို ပြန်လည်ရွေးချယ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။

လွှတ်တော် အစည်းအဝေးတွေကို မနက်ဖြန် ကျင်းပပြီးရင် တစ်လခွဲလောက် ရပ်နားမှာဖြစ်ပါတယ်။ နောက်ထပ်တကြိမ် လွှတ်တော် အစည်းအဝေးတွေကို အောက်တိုဘာ တတိယပတ်မှာ ပြန်လည်ခေါ်ယူမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

D moon

ဥပဒေကိုကိုလိုက်နာတတ်တဲ့အလေ့အကျင့်မရှိတာကမ္ဘာသိအောင်ပြလိုက်တာ

Oct 01, 2012 04:15 PM

D moon

ဖွဲ့စည်းပုံအခြေခံဥပဒေမလိုက်နာတာခုံရုးံအဖွဲ့မဟုတ်ဆိုတာဘက်မလိုက်တဲ့ဥပဒေသမားတိုင်းသိတယ်

Sep 29, 2012 08:27 AM

Soe Nyan Minn

နေရပ်- Singapore ( Temporary)

I support this decision. There is no space for who not doing their responsibility.

Sep 07, 2012 11:33 AM

အမည်မဖော်လိုသူ

သမာသမတ်ရှိတဲ့ပညာရှင်များကန်ထုတ်ပြီးဘယ်လိုမောင်ပုလဲတွေတက်လာအုံးမလဲမသိဘူးနော်

Sep 12, 2012 05:09 AM