လွှတ်တော် ၂ ရပ် သဘောကွဲလွဲ

2011-10-05

ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်ပြီး တင်သွင်းလာတဲ့ ပုဂ္ဂလိက ကျောင်းတွေကို ကြီးကြပ်ရေးမှာ ပညာရေး ဝန်ကြီးဌာနတင်သာမက တိုင်းနဲ့ပြည်နယ် လူမှုဖူလုံရေး ဝန်ကြီးဌာနတွေ ပါဝင် ဆောင်ရွက်ခွင့်ပြုရေး ဆိုတဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးက ပယ်ချလိုက် ပါတယ်။

AFP PHOTO/POOL/NYEIN CHAN

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် သဘာပတိ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့စည်မြင်ကွင်း ဖြစ်ပါသည်။

ဒါဟာ ပြည်သူလွှတ်တော်က ဆုံးဖြတ်ပြီး တင်သွင်းလာတဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ပထမဦးဆုံး ပယ်ချလိုက်တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အဲဒီလို အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် (၂)ရပ် သဘောထား ကွဲလွဲတဲ့ ဥပဒေမူကြမ်းကို လွှတ်တော် (၂)ရပ်ပေါင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်မှာ ဖြေရှင်းကြရမယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် အနေနဲ့ လွှတ်တော် (၂)ရပ်က သဘောထားမတူတဲ့ ဥပဒေ တွေကို မဲခွဲဆုံးဖြတ် ကြမှာမဟုတ်ဘဲ အကျေအလည် ဆွေးနွေးပြီး ညှိနှိုင်းဆုံးဖြတ်ကြမယ်လို့သိရပါတယ်။

ဒီအတောအတွင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) ကို ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုင်ငံရေးပါတီ တစ်ခုအဖြစ် အသိ အမှတ်ပြုလိုက်ပါတယ်။

ဦးသိန်းညွန့်က သူတို့ (NNDP) ပါတီအနေနဲ့ သင်္ကန်းကျွန်းမြို့နယ်ကို အမာခံထားပြီး ရန်ကုန်တိုင်းအတွင်း စည်းရုံးသွားမယ်လို့ ပြောပါတယ်။ ဒါအပြင် ကျန်တဲ့ တိုင်းဒေသကြီးတွေကို တိုးချဲ့ စည်းရုံးသွားမှာဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေ ပြည်နယ်တွေမှာ သူတို့ပါတီကို ဖွဲ့စည်းမှာ မဟုတ်ဘူးလို့ RFA ပြောပါတယ်။

ဦးသိန်းညွန့် အပါအဝင် အခု အမျိုးသားဒီမိုကရေစီ ပါတီသစ် မှာပါဝင်တဲ့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေဟာ အရင်က အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှာ ပါဝင်ခဲ့ကြ သူတွေဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိမှု အမေရိကန် ကြိုဆို

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်

အစိုးရအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေ

ဝန်ကြီးဌာနတချို့ ပြင်ဆင်ဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြ

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ

၂ဝ၁၂ မြန်မာ့နိုင်ငံရေး မျှော်လင့်ချက်