တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးကိစ္စ လွှတ်တော်မှာ ဆွေးနွေး

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို တင်သွင်းထားတဲ့ တရားစီရင်ရေး စနစ် ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2012-08-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-parliament-0820-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
RFA

တရားစီရင်ရေးမှာ တာဝန်မကျေပွန်တဲ့ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး ပြည်သူက ရွှေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ဖို့ သူရ ဦးအောင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေရေးရာ ကျွမ်းကျင်သူတွေ အပါအ၀င် ကိုယ်စားလှယ် ၁၉ ဦး က ထောက်ခံဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်လိုက်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ညနေပိုင်းမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အားလုံး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးကြကြောင်း သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

That's Democracy and fair for people, we supposed to be... Authorities whom must be elect by people in Quarter, Town, Division, State, Country. Then fair for all citizens.

Aug 21, 2012 12:30 AM

အမည်မဖော်လိုသူ

နေရာတိုင်းမှာအခုလိုစုပေါင်းညှိနှိုင်းလုပ်ဆောင်တာ အကောအကောင်းဆုံးပါ။

Aug 20, 2012 09:07 PM