အခုလို အဆိုတင်သွင်းရတာနဲ့ ပတ်သက်ပြီးဒေါ်နန်းဝါနုက -
"ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တယ်။ ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ရမယ်။ ဒီထက်ပိုပြီး ဖွံ့ဖြိုးမှ စီးပွားရေးတိုးတက်မှ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အမြန်လုပ်နိုင်မယ်ဆိုတဲ့ အနေအထားကို ကျွန်မက စဉ်းစားမိတယ်။ နောက်ပြီးလို့ရှိရင် ဒီကိစ္စက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရော၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာရော အကျိုးသက်ရောက်မှု ရှိနိုင်သလားဆိုတဲ့ အနေအထားကို ကျွန်မက သွားပြီး စဉ်းစားမိတယ်။ ဒါက နိုင်ငံတော်အတွက်၊ ကျွန်မတို့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက်၊ နောက်တိုင်းရင်းသားများအတွက် ဒီဥစ္စာ မလုပ်ရင် မဖြစ်တော့ဘူး။ နောက်ပြီးရင် သူက မဲခွဲမှာက နောက်တပတ်ဆိုရင် ခွဲတော့မယ် ဆိုတာနဲ့ ကျွန်မက အရေးကြီးအဆိုအနေနဲ့ ချက်ခြင်းတင်သွင်းလိုက်တာရှင့်"
ဒီအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့က ပါဝင် ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၀င်ရောက်ဆွေးနွေးပြီးနောက် လွှတ်တော်က သဘောတူညီလိုက်ကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီအဆိုနဲ့ ပတ်သက်ပြီး "လွှတ်တော်က ဆုံးဖြတ်တဲ့ကိစ္စ ဖြစ်တဲ့အတွက် လွှတ်တော်က ဘယ်လို ဆက်လက် ဆောင်ရွက်မယ် ဆိုတာ စောင့်ကြည့်သွားမယ်" လို့ သတင်းထောက်တွေကို ပြောကြားကြောင်းလည်း သိရပါတယ်။
အဆိုတင်သွင်းသူ ဒေါ်နန်းဝါနုကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |