လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့အသံ တကယ် မကြားရ

နေပြည်တော်မှာ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေဟာ လွတ်လပ်မှုနဲ့ ပြည်သူတွေရဲ့ အသံတွေ ထင်ဟပ်မှု မရှိသလောက် ဖြစ်နေတယ်လို့ လေ့လာသူတွေက ဝေဖန် ထောက်ပြနေကြ ပါတယ်။

2011.09.08
military-parliament-305 လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ်
AFP

ဒီဝေဖန်ချက်တွေ တစိတ်တပိုင်း မှန်ကြောင်း၊ လောလောဆယ် လွှတ်တော်ထဲက အဖြစ်မှန်တွေ၊ ဆွေးနွေးချက် အသံတွေကို ပြည်သူတွေ ကြားရဖို့ ပြည်ပ အသံလွှင့် ဌာနတွေကိုပဲ အားထား နေရသေးတယ်လို့ အထက် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်က ဝန်ခံ ပြောဆို ပါတယ်။

ဒါ့အပြင် လွှတ်တော်ရဲ့ အသံတွေကို ပြည်သူတွေ ကြားရဖို့ အတွက် ဆိုရင် နိုင်ငံခြား အသံလွှင့်ဌာနက တဆင့် ပြောဆိုနေရတာတင် မဟုတ်ပဲ ပြည်တွင်းထုတ် ပုဂ္ဂလိက စာစောင်တွေမှာပါ လွှတ်တော် အမတ်တွေရဲ့ ပြောဆိုချက်တွေ၊ လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေကို မဖြတ်မတောက် ဆင်ဆာ မလုပ်ပဲ လွတ်လွတ် လပ်လပ် သတင်းယူ ဖော်ပြခွင့်ပြုသင့်တယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။