ရပ်နားထားတဲ့ လွှတ်တော်တွေ ဇန္နဝါရီလ ပြန်ကျင်းပမယ်

2011-12-06

လတ်တလောရပ်နားထားတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေကို အခုလာမယ့် ၂၀၁၂ ခု ဇန္နဝါရီလ ဒုတိယအပတ်အတွင်း ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။

AFP

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပသော ဦးသိန်းစိန် အစိုးရသစ်၏ အထက်လွှတ်တော်မှာ တက်ရောက်နေကြသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင်များ ဖြစ်ပါသည်။

ပထမအကြိမ်လွှတ်တော်ရဲ့ တတိယအစည်းအဝေး ပြန်လည်ကျင်းပမယ့် အချိန်ကာလနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မှာကြားထားပြီးကြောင်း NDF ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဥပဒေမူကြမ်းတွေထဲမှာ လာမယ့်၂၀၁၂-၂၀၁၃ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကို အဓိကထား ဆွေးနွေးဖို့ရှိပြီး လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေတွေကိုလည်း ဆက်ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

ပညာရေး ကျန်းမာရေး ကာကွယ်ရေး ကဏ္ဍတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို ဘယ်လောက်ရာခိုင်နှုန်းစီ သုံးစွဲသွားမလဲ ဆိုတာကို အချေအတင် ဆွေးနွေးသွားဖို့ရှိကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ကိစ္စ ဆွေးနွေးရာမှာ စီးပွားရေးတက္ကသိုလ်က ပါမောက္ခတွေ ပါဝင်မှာဖြစ်သလို အမျိုးသားစီမံကိန်းရေးဆွဲရေးဌာန ကျွမ်းကျင်ပုဂ္ဂိုလ်တွေလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်